Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

လုပ်ငန်းသုံးဝန်ဆောင်မူ

လုပ်ငန်းသုံးဝန်ဆောင်မှုသည် မြန်မာ့စာတိုက်မှ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ပစ္စည်းများကို ePost System သုံးပြု၍ ပို့ဆောင်ခြင်းနှင့်ငွေကြေးကဏ္ဍကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်သော ဝန်ဆောင်မူအသစ်ဖြစ်ပါသည်။

လုပ်ငန်းသုံးဝန်ဆောင်မှုတွင်အောက်ပါ အားသာချက်များပါဝင်ပါသည်။

  1. စာတိုက်မှ မိမိတို့ပေးပို့သည့် ကုန်ပစ္စည်းတန်ဖိုးကို အချိန်တိုအတွင်းမြန်ဆန်စွာ လက္ခံနိုင်ခြင်း။
  2. မိမိတို့ပေးပို့သော ကုန်ပစ္စည်း၏ ရောက်ရှိနေသော တည်နေရာကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း။
  3. မိမိတို့ပေးပို့သော ကုန်ပစ္စည်းတန်ဖိုးကို သက်သာသော နှုန်းထားဖြင့် ကောက်ခံပေးခြင်း။
  4. ကောက်ခံထားသော ကုန်ပစ္စည်းတန်ဖိုးကို လက်ခံသူမှ ကောက်ခံရရှိပြီး ၃ ရက်အတွင်း စာရင်းရှင်းတမ်းနှင့်တကွ လူကြီးမင်းတို့၏ ဘဏ်အကောင့်သို့ ထည့်ပေးခြင်း။
  5. အခက်အခဲတစ်စုံတစ်ရာရှိလာပါက လျှင်မြန်စွာဖြေရှင်းပေးခြင်း။

လုပ်ငန်းသုံးဝန်ဆောင်မှုကိုလျောက်ထားရန်အောက်ပါအချက်အလက်များလိုအပ်ပါသည်။

ပိုင်ရှင်ကိုယ်တိုင်လာရောက်လျှောက်ထားပါက အောက်ပါအချက်အလက်များလိုအပ်ပါသည်။

  1. Company Licence ၏ မူရင်းနှင့်မိတ္တူ (သို့မဟုတ်) ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း နှင့်သက်ဆိုင်သော အစိုးရသိမှတ်ပြုလိုင်စင်၏ မူရင်းနှင့်မိတ္တူ
  2. ပိုင်ရှင်၏ မှတ်ပုံတင် မူရင်းနှင့်မိတ္တူ
  3. ပိုင်ရှင်၏ အိမ်ထောင်စုစာရင်း မိတ္တူ

ကိုယ်စားလှယ်လာရောက်လျှောက်ထားပါက အောက်ပါအချက်အလက်များလိုအပ်ပါသည်။

  1. ကိုယ်စားလှယ်လွှဲစာမူရင်း
  2. Company Licence ၏ မူရင်းနှင့်မိတ္တူ (သို့မဟုတ်) ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း နှင့်သက်ဆိုင်သော အစိုးရသိမှတ်ပြုလိုင်စင်၏ မူရင်းနှင့်မိတ္တူ
  3. ပိုင်ရှင်၏ မှတ်ပုံတင် မူရင်းနှင့်မိတ္တူ
  4. ပိုင်ရှင်၏ အိမ်ထောင်စုစာရင်း မိတ္တူ
  5. ကိုယ်စားလှယ်၏ မှတ်ပုံတင် မူရင်းနှင့်မိတ္တူ

မှတ်ချက်။

  1. ပိုင်ရှင်ဆိုသည်မှာ Company လိုင်စင်ဖြစ်ပါက MD (သို့မဟုတ်) BOD အဖွဲ့ဝင်တယောက်ယောက်ကို ဆိုလိုပြီး စည်ပင်လိုင်စင်ဖြစ်ပါက လုပ်ငန်းပိုင်ရှင်အမည်ပေါက်သူကိုဆိုလိုပါသည်။
  2. ကိုယ်စားလှယ်လွှဲစာပေါ်ရှိလက်မှတ်ကို မင်အပြာရောင်ဖြင့်ရေးရန်လိုအပ်ပါသည်။

အထက်ပါ အချက်လက်များ နှင့် အောက်ပါလျှောက်လွှာဖောင်အား Print ထုတ်၍ အချက်အလက်များဖြည့်စွက်ပြီး ပိုင်ရှင်ကိုယ်တိုင် လက်မှတ်ရေးထိုးရပါမည်။
၎င်းလျှောက်လွှာဖြင့် Za Information Technology Company Limited တွင် ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်မှ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာဖောင်ရယူရန်

Za Information Technology Company Limited
ဖုန်းနံပါတ် - ၀၉ ၂၅၃၀၂၇၀၀၁ ၊ ၀၉ ၂၅၃၀၂၇၀၀၂
လိပ်စာ - အမှတ်(၂၂၆)၊ ၂လွှာ၊ လမ်း(၅၀) ကော်ဒို(A)၊ လမ်း(၅၀) အောက်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။