Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

၁၂ လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် တပို့တွဲလအတွက် ထမနဲပွဲနှင့် ပေါက်ပန်း(၂၀၀)ကျပ်တန်တံဆိပ်ခေါင်းသစ်ထုတ်ဝေ

Published: 31 Jan 2019 04:52 AM

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် တပို့တွဲလအတွက် ထမနဲပွဲနှင့်ပေါက်ပန်း ၂၀ဝိ/ကျပ်တန်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ၂၀၁၉ခုနှစ်၊ဖေဖေါ်ဝါရီလ ၅ရက်၊မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ်၊တပို့တွဲလဆန်း ၁ ရက်နေ့၊အင်္ဂါနေ့နံနက် ၉နာရီခွဲမှ စတင်၍  တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌၂၀၁၉ခုနှစ်၊ဖေဖေါ်ဝါရီလ ၅ရက်၊မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ်၊တပို့တွဲလဆန်း ၁ ရက်နေ့၌ ဝယ်ယူသောစာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ်( Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား၊တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ပါသည်။