Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

တန်ခူးလအတွက်သင်္ကြန်ပွဲနှင့်ပိတောက်ပန်း၊ ကံ့ကော်ပန်းပါ ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ် ခေါင်းသစ်ရောင်းချပေးမည်

Published: 02 Apr 2019 06:49 AM



ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ၁၂ လရာသီပွဲတော်များနှင့်ပန်းများအထိမ်းအမှတ်၊ တန်ခူးလအတွက် သင်္ကြန်ပွဲနှင့်ပိတောက်ပန်း၊ ကံ့ကော်ပန်းပါ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ၂၀၁၉ခုနှစ်၊ ဧပြီ ၅ ရက်၊ မြန်မာ့သက္ကရာဇ် ၁၃၈၀ ပြည် နှစ်၊ တန်ခူးလဆန်း ၁ ရက်၊ သောကြာနေ့၊ နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီးတွင်ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ဧပြီ ၅ ရက်၌ ဝယ်ယူသောစာပို့တံဆိပ်ခေါင်းများနှင့် ပထမ နေ့စာအိတ်(first day cover)ပေါ်တွင်နေ့စွဲ အမှတ်အသားတံဆိပ်ရိုက်နှိပ်ေပးမည် ဖြစ်ပါသည်​။
Back