Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

၁၂ လရာသီပွဲတော်နှင့် ပန်းများအထိမ်းအမှတ် နယုန်လအတွက် စာပြန်ပွဲနှင့် စံပယ်ပန်း၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

Published: 29 May 2019 12:00 PM

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းမှ (၁၂) လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် နယုန်လအတွက် စာပြန်ပွဲနှင့် စံပယ်ပန်း ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို ဇွန်လ ၃ ရက် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁ ရက် တနင်္လာနေ့နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး / ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။

 

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇွန်လ ၃  ရက်တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်သည်။