Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

(၁၂)လရာသီပွဲတော်များနှင့်ပန်းများအထိမ်းအမှတ်ဝါဆိုလအတွက်ရဟန်းခံရှင်ပြုပွဲနှင့် ပုန်းညှက်ပန်း ၂ဝဝိ/-ကျပ်တန်အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်ရောင်းချပေးမည်

Published: 26 Jun 2019 12:00 AM

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့စာတိုက်လုပ်ငန်း မှ (၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် ဝါဆိုလအတွက် ရဟန်းခံရှင်ပြုပွဲနှင့် ပုန်းညှက်ပန်း ၂ဝဝိ/-ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးအား ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း(၁)ရက်နေ့၊ အင်္ဂါနေ့ နံနက် (၀၉:၃၀)နာရီမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချ ပေးသွားမည်ဖြစ်ပါသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း(၁)ရက်နေ့၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ပါ သည်။