Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

၁၂ လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း အထူးထုတ်တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

Published: 27 Feb 2019 10:10 AM

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂ လရာသီပွဲတော်များ နှင့် ပန်းများအထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့်သရဖီပန်း ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂၀၁၉ခုနှစ်၊မတ်လ ၆ရက် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တပေါင်းလဆန်း(၁)ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီ:သီးတွင် ရောင်းချပေးသွား မည် ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီ:နှင့် မန္တလေးစာတိုက်ကြီးတို့၌ မတ်လ ၆ ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ပါသည်။