Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

(၅၂)နှစ်မြောက် အာဆီယံထူထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်ရောင်းချပေးမည်

Published: 03 Aug 2019 12:00 AM

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့စာတိုက်လုပ်ငန်း မှ (၅၂)နှစ်မြောက် အာဆီယံထူထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ၁၀ဝိ/- ကျပ်တန် (၈)လုံးတွဲ (၂)မျိုးအား ၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း(၈)ရက် (ကြာသပတေး)နေ့၊ နံနက် (၀၉:၃၀)နာရီမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။


အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း(၈)ရက်နေ့၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်ပါသည်။

Back