Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

မြန်မာ့စာတိုက်လုပ်ငန်းမှ ပြာသိုလအထိမ်းအမှတ်အဖြစ် (၂၀၀) ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချ

Published: 31 Jan 2019 04:52 AM

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂လရာသီပွဲတော်များအနက် ပြာသိုလအထိမ်းအမှတ်အဖြစ်  မြင်းခင်းသဘင်ပွဲနှင့် ခွာညိုပန်းပုံပါဝင်သည့် (၂၀၀) ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းအား ဇန်နဝါရီလ (၆)ရက်နေ့ နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးခဲ့သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီလ (၆)ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးခဲ့ကြောင်းနှင့် လအလိုက် ရာသီပန်းများနှင့် ပွဲတော်များပါဝင်သော အထူးထုတ်တံဆိပ်ခေါင်းများအား ဆက်လက်ထုတ်ဝေသွားဦးမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Back