Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

နေပြည်တော်ဗဟိုစာတိုက်ကြီး (၁၂)နှစ်ပြည့် ချည်ရတု အထိမ်းအမှတ်နှင့် တံဆိပ်ခေါင်းပြပွဲအား ကျင်းပမည်

Published: 25 Jun 2019 11:55 AM

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာတိုက်ရုံးပေါင်း(,၃၉၀)ရုံးတွင် သမားရိုးကျ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းများအပြင် IT နည်းပညာများ သုံးစွဲ၍ ထပ် ဆောင်းဝန်ဆောင်မှုများဖြစ်သည့် ဘဏ်လုပ်ငန်းကိုယ်စားလှယ်အဖြစ် CB Bank, AGD Bank, A Bank တို့၏ ဝန်ဆောင်မှုများ၊  Mobile Money လုပ်ငန်းများဖြစ်သည့် OK$,  My Kyats တို့၏ ဝန်ဆောင်မှုများ၊ ကိုယ်စားငွေ ကောက်ခံခြင်းလုပ်ငန်းဖြစ်သည့်@Post ဝန်ဆောင်မှုများ၊ Online Shopping ဆောင်ရွက်သူများအတွက် ချောပစ္စည်းပေးဝေခြင်းနှင့် ငွေကောက်ခံပေး ခြင်းလုပ်ငန်းများ၊ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက် မှတ်ရောင်းချပေးခြင်းလုပ်ငန်းများဝန်ဆောင်မှုပေးလျက်ရှိရာ နေပြည်တော် ဗဟိုစာတိုက်ကြီးသည်လည်း အပါအဝင် ဖြစ်ပါသည်။

 

နေပြည်တော်ဗဟိုစာတိုက်ကြီးသည် ဇဗ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား - တောင်ညိုလမ်း၊ မြို့မဈေးကြီးအနီးတွင်တည်ရှိပြီး(၂၇..၂၀၀၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စာတိုက်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့သည်မှာ  (၂၇..၂၀၁၉)ရက်နေ့တွင်(၁၂)နှစ်ပြည့်မြောက်ပြီး၊ ချည်ရတုတိုင်ခဲ့ပြီ ဖြစ်ပါ သည်။

 

 

နေပြည်တော်ဗဟိုစာတိုက်ကြီး၏ (၁၂)နှစ်ပြည့် ချည်ရတုအခမ်းအနား ကို (၂၇ . . ၂၀၁၉)ရက်နေ့၊ ကြာသပတေးနေ့၊ နံနက်(၀၉ : ၀၀)နာရီတွင် နေပြည်တော်ဗဟိုစာတိုက်ကြီး၌ ကျင်းပမည်ဖြစ်ပြီး အထိမ်းအမှတ် အဖြစ် ပထမနေ့စာအိတ်များ ရောင်းချပေးခြင်း၊ အထိမ်းအမှတ်နေ့စွဲတံဆိပ်တုံး ရိုက်နှိပ်ပေးခြင်း၊ ရှားပါးတံဆိပ်ခေါင်းများရောင်းချပေးခြင်းတို့အပြင် မြန်မာ နိုင်ငံတံဆိပ်ခေါင်းစုဆောင်းသူဝါသနာရှင်များနှင့် ပူးပေါင်း၍ တံဆိပ်ခေါင်း ပြပွဲ ပြုလုပ်သွားမည်ဖြစ်ပါ၍ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင် ပါကြောင်းဖိတ်ခေါ်အပ်ပါသည်။


 

Back