Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

ဒုတိယဝန်ကြီးဦးသာဦး မြန်မာ့စာတိုက်လုပ်ငန်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်စာတိုက်ကြီး (၁၂) နှစ်ပြည့်ချည်ရတုအခမ်အနားသို့ တက်ရောက်

Published: 27 Jun 2019 10:50 PM

            ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် နေပြည်တော်စာတိုက်ကြီး၏ (၁၂) နှစ်ပြည့်ချည်ရတုအခမ်းအနားအား ဇွန်လ (၂၇) ရက်၊ နံနက်ပိုင်း နေပြည်တော်ဗဟိုစာတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးမှ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ 

            ဒုတိယဝန်ကြီးမှ မိမိ၏ကိုယ်ကျိုးအရေး၊ စိတ်၏ခံစားချက်ကို ဦးစားပေးနေသော အတ္တဆန် သည့်လုပ်ရပ်များမပြုလုပ်ကြရန်၊ ရာထူးအဆင့်နှင့်လျော်ညီသော တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူ မှု၊ တာဝန်ခံတက်ရန်၊ တစ်ကျပ်တစ်ပြားမှစ၍ ငွေကြေးအဂတိလိုက်စားမှု လုံးဝမပြုလုပ်ကြရန်၊ မြန်မာ့ စာတိုက်လုပ်ငန်းကို မိမိ၏ကိုယ်ပိုင်စီးပွားရေးကဲ့သို့မှတ်ယူ၍ သုံးငွေများကို စိစိစစ်စစ်သုံးစွဲပြီး ဝင်ငွေ များတိုးတက်ရရှိစေရန် အစဉ်အမြဲနည်းလမ်းရှာဖွေ စဉ်စားဆောင်ရွက်ကြရန်၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းသစ်များကို သင်တန်းပို့ချရန် ဝန်ကြီးဌာန၏ အမိန့်နှင့် ညွှန်ကြားချက်နှင့် ရုံးချုပ်၏အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ မိမိ၏အလုပ်အား စေတနာထားဆောင်ရွက်ကြရန်နှင့် စည်းကမ်းမ ဖောက်ဖျက်ကြရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် မိမိအရည်အသွေးတိုးတက်စေရေးအတွက် မိမိကိုယ် မိမိအတက်ပညာ၊ ဝမ်းစာ (ကွန်ပျူတာနှင့် အိုင်တီနည်းပညာ) များကို အစဉ်ဖြည့်ဆည်းဆောင်ရွက် ထားရန်၊ အရှုံးများနေရာမှ အရင်းကျေသော မြန်မာ့စာတိုက်အဖြစ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ကိုယ်စီတာဝန်ကျေပွန်စွာဖြင့် ယခုထက်ပို၍ကြိုးစားဆောင်ရွက်ကြရန်၊ လုပ်ငန်းသုံးပစ္စည်းများကို ပျက်စီးအောင်ထိန်းသိမ်း၍ သပ်သပ်ရပ်ရပ်သုံးစွဲကြရန်၊ ပြည်သူတွေအတွက် စာတိုက်ကို အသုံးဝင်တဲ့ နေရာတစ်ခုအဖြစ် အသုံးချစေရန်၊ အသုံးဝင်အောင်လည်း နည်းမျိုးစုံနဲ့ သမားရိုးကျစာတိုက်အဖြစ်က နေထပ်ဆောင်းဝန်ဆောင်မှု (Value Added Services) လုပ်ငန်းမျိုးစုံ ဆက်လက်တိုးချဲ့ဆောင်ရွက် ရန်၊ စာတိုက်ကို ပြည်သူတွေအသုံးပြုလာတာနဲ့တစ်ပြိုင်နက် စာတိုက်ရဲ့အရှုံးတွေကို ကာမိစေပြီး နိုင်ငံ တော်က စိုက်ထုတ်ကျခံပေးနေရမှုတွေကိုလည်း လျော့ကျစေရန်၊ Myanmar Post Vision အတိုင်း 
လူတိုင်းအတွက် မြန်မာ့စာတိုက် Myanmar Post For Everyone ဖြစ်စေရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ပြည်သူများ၏ ယုံကြည်မှုပိုမိုရရှိစေရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား သွားပါသည်။


(၁၂) နှစ်ပြည့် ချည်ရတုအထိမ်းအမှတ်အခမ်းအနားအဖြစ် ကျင်းပသော မြန်မာနိုင်ငံ တံဆိပ် ခေါင်းစုဆောင်းသူဝါသနာရှင်များနှင့် ပူးပေါင်းပြသသည့် တံဆိပ်ခေါင်းသမိုင်းများ ခေတ်အဆက်ဆက် ရှားပါးတံဆိပ်ခေါင်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

Back