Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
Myanmar Post
MYANMAR POST
Customer Support Phone : 067 420 888

စည်းကမ်းနှင့်သတ်မှတ်ချက်များ

စာတိုက်မှ ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့် မပြုသည့် ပစ္စည်းများ
(၁) တည်ဆဲတရားဥပဒေများဖြင့် ဆန့်ကျင်သည့်ပစ္စည်းများ
(၂) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ပစ္စည်းများ
(၃) အမြင်မတော်သော အကျင့်စာရိတ္တကို ပျက်စီးစေနိုင်သော ပစ္စည်းများ
(၄) ပေါက်ကွဲစေတတ်သော မီးလောင်လွယ်သော၊ ရေဒီယိုသတ္တိကြွသော ပစ္စည်းများနှင့် အခြားအန္တရာယ်ရှိနိုင်သော ပစ္စည်းများ
(၅) သက်ရှိသတ္တဝါများ
(၆) ငွေအကြွေးများ၊ ငွေစက္ကူများနှင့် အခြားတန်ဘိုးကြီးသော ပစ္စည်းများ
(၇) ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများ
(၈) နိုင်ငံတော်က ထုတ်ပြန်သည့် ထီလက်မှတ်များမှ အပ အခြား ထီလက်မှတ်များ
(၉) လုံခြုံစွာ ထုပ်ပိုးချည်နှောင်ထားခြင်းမရှိသော ချွန်ထက်သည့်ပစ္စည်းများ
(၁၀) မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ
(၁၁) အကောက်ခွန်ဌာန၏ ခွင့်ပြုချက်မရှိသည့် လူသုံးကုန်ပစ္စည်းများ
(၁၂) ပစ္စည်းပေးဝေရမည့်နိုင်ငံမှ တင်သွင်းခွင့်မပြုသည့် ပစ္စည်းများ